C ကိုဖွင့် R-Click နှိပ် New - Folder နဲ့ Folder တစ်ခုလုပ်ပြီး x လို့ နာမည်ပေးလိုက်ပါတယ်။ jpg file type ဓါတ်ပုံတစ်ပုံကို x ထဲ copy and paste လုပ်ပြီး ထည့်လိုက်ပါတယ်။ နာမည်ကို 1 လို့ rename ပေးလိုက်ပါတယ်။(ရေးရလွယ်အောင် ပေးတာပါ) ကျနော် ဖွတ်ချင်သမျှ ဖိုင်အားလုံးကို select လုပ်ပြီး R-Click လုပ် Add to "Desktop" ကိုနှိပ်လိုက်ပါတယ်။ Desktop နာမည်နဲ့ rar ဖိုင်တစ်ခုဖြစ်သွားပါတယ်။ (ဒီ အဆင့်ကို လုပ်ဖို့ အတွက် winrar သို့မဟုတ် 7zip လို မျိုး ဖိုင်ချုံ့ပေးတဲ့ software တစ်ခုလိုပါတယ်။ winrar မရှိတဲ့လူ ဒီမှာ ယူပါ။ မသုံးတတ်တဲ့ လူတွေ အတွက်ပါ အသေးစိတ်ရေးပေးထားပါတယ် သီးခံ ဖတ်ပေးပါဦး။) အဲဒီ rar ဖိုင်ကိုလည်း x ထဲ ကူးထည့်ပေးပါဦး။
ထည့်ပြီးပြီ ဆိုရင် Run မှာ cmd လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ပေါ်လာတဲ့ cmd box မှာ cd\x လို့ ရိုက်ထည့်ပေးပါ။ ပြီးရင် copy /b 1.jpg + desktop.rar 2.jpg လို့ ရိုက်ထည့်လိုက်ပါ။
(space ခြားတာ မှားမှာ စိုးလို့ ထပ်ရေးပေးပါ့မယ် copy /b 1.jpg + desktop.rar 2.jpg ဖြစ်ပါတယ်။) အောက်ပါအတိုင်း cmd မှာ ပေါ်လာပါမယ်။ 2.jpg ဆိုတဲ့ ဓါတ်ပုံတစ်ခု ထပ်ပေါ်လာပါတယ်။ ဖိုင်ဆိုဒ်ကို ကြည့်လိုက်ပါဦး။ နှစ်ခုပေါင်းထားတဲ့ဖိုင်ဆိုဒ် ဖြစ်ပါတယ်။ ဓါတ်ပုံကို လည်း ပုံမှန်အတိုင်းပဲ ဖွင့်ကြည့်နိုင်ပါတယ်။ ပြန်ဖြည်မယ်ဆိုရင်လည်း rar နဲ့ ချုပ်တာ ဆိုရင်တော့ 2.jpg ကို winrar နဲ့ ဖွင့်ပြီး Extract to နဲ့ ဖွင့်ရမှာ ဖြစ်ပါတယ်။ 7z ဆိုရင်တော့ extract here ပေါ်ပါတယ်။
နားလည်ကြမယ်လို့ ထင်ပါတယ်။ ကျနော် အတတ်နိုင်ဆုံး လွယ်အောင် ရှင်းပြထားတာပါ။ မိမိဖွက် ချင်တဲ့ ဖိုင်က jpg မဟုတ်ရင်လည်း ရပါတယ် ဖိုင်နာမည်နောက်မှာ ပြောင်းရေးပေးရုံပါပဲ။ (ဥပမာ- .txt text ဖိုင်ထဲမှာ ထည့်ဖွတ်မယ်ဆိုရင်လည်း filename.txt ပေါ့ဗျာ။ နောက်က ပေါင်းထည့်လိုက်တဲ့ ဖိုင်ကလည်း 7-zip နဲ့ ချုံ့ ထားတာဆိုရင် desktop.7z ပေါ့) တစ်ဖိုင်တည်း ထည့်ဖွက်လို့ ရတာလား ? .... မဟုတ်ပါဘူး ထည့်ချင်သလောက်ကို ပေါင်းထည့်လို့ရပါတယ်။ ဖိုင်တွေ ပေါင်းချင်သလောက်ကို + တွေ နဲ့ ပေါင်းသွားပြီး နောက်ဆုံးမှာ + မခံတော့ပဲ နာမည် အသစ် တစ်ခု ပေးလိုက်ရင် ရပါတယ်။(ဥပမာ - x ထဲမှာပဲ အောက်ပါ ဖိုင်တွေကို ပေါင်းပါ့မယ်။)တို့ကိုပေါင်းမယ်ဆိုရင် အောက်ပါအတိုင်း cmd မှာ ရေးရပါတယ် copy /b 1.jpg + 2.png + desktop.rar + flash.txt 3.gif လို့ရေးလိုက်ပါတယ်။ ရလာမယ့် ဖိုင်ကို gif type နဲ့လိုချင်လို့ ဖြစ်ပါတယ်။ သူက အရှေ့ ဆုံးမှာ ရေးတဲ့ဖိုင်ထဲကို နောက်ကအားလုံး ပေါင်းပေးလိုက်တာ ဖြစ်ပါတယ်။ တကယ်လို့ .txt ဖိုင်ထဲ ဖွက်ချင်ရင်တော့ txt ကို ရှေ့ဆုံးက ထားပေါ့။ jpg ကို ရှေ့ကထားပြီး txt နဲ့ ပြန်ထုတ်မယ်ဆိုရင်တော့ မရဘူး မဟုတ်ဘူး ရပါတယ်။ ပုံတော့ ပေါ်လာတော့မှာ မဟုတ်ပါဘူး။ ဓါတ်ပုံတစ်ပုံကို notepad အလွတ်ထဲ ဆွဲထည့်လိုက်သလို code တွေပဲ ပေါ်တော့မှာ ဖြစ်ပါတယ်။ အားလုံးသဘောပေါက်ကြမယ် ထင်ပါတယ်။ ကျနော်ရေးလိုက်တာ ရှုပ်သွားမလားပဲ ...။ software မပါပဲ ဖိုင်တွေ ချုံ့မရဘူးလား မေးလို့ ဒါလေးကို ရေးပေးလိုက်တာ ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်တွေတော့ လျှော့မသွားပါဘူး၊ ဖိုင်တွေ ပေါင်းပြီး ဖွက်ထားလို့ ရရုံလောက်လေးပါ .. ။
အဆင်ပြေကြပါစေဗျာ .....
ထည့်ပြီးပြီ ဆိုရင် Run မှာ cmd လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။ ပေါ်လာတဲ့ cmd box မှာ cd\x လို့ ရိုက်ထည့်ပေးပါ။ ပြီးရင် copy /b 1.jpg + desktop.rar 2.jpg လို့ ရိုက်ထည့်လိုက်ပါ။
(space ခြားတာ မှားမှာ စိုးလို့ ထပ်ရေးပေးပါ့မယ် copy
နားလည်ကြမယ်လို့ ထင်ပါတယ်။ ကျနော် အတတ်နိုင်ဆုံး လွယ်အောင် ရှင်းပြထားတာပါ။ မိမိဖွက် ချင်တဲ့ ဖိုင်က jpg မဟုတ်ရင်လည်း ရပါတယ် ဖိုင်နာမည်နောက်မှာ ပြောင်းရေးပေးရုံပါပဲ။ (ဥပမာ- .txt text ဖိုင်ထဲမှာ ထည့်ဖွတ်မယ်ဆိုရင်လည်း filename.txt ပေါ့ဗျာ။ နောက်က ပေါင်းထည့်လိုက်တဲ့ ဖိုင်ကလည်း 7-zip နဲ့ ချုံ့ ထားတာဆိုရင် desktop.7z ပေါ့) တစ်ဖိုင်တည်း ထည့်ဖွက်လို့ ရတာလား ? .... မဟုတ်ပါဘူး ထည့်ချင်သလောက်ကို ပေါင်းထည့်လို့ရပါတယ်။ ဖိုင်တွေ ပေါင်းချင်သလောက်ကို + တွေ နဲ့ ပေါင်းသွားပြီး နောက်ဆုံးမှာ + မခံတော့ပဲ နာမည် အသစ် တစ်ခု ပေးလိုက်ရင် ရပါတယ်။(ဥပမာ - x ထဲမှာပဲ အောက်ပါ ဖိုင်တွေကို ပေါင်းပါ့မယ်။)တို့ကိုပေါင်းမယ်ဆိုရင် အောက်ပါအတိုင်း cmd မှာ ရေးရပါတယ် copy /b 1.jpg + 2.png + desktop.rar + flash.txt 3.gif လို့ရေးလိုက်ပါတယ်။ ရလာမယ့် ဖိုင်ကို gif type နဲ့လိုချင်လို့ ဖြစ်ပါတယ်။ သူက အရှေ့ ဆုံးမှာ ရေးတဲ့ဖိုင်ထဲကို နောက်ကအားလုံး ပေါင်းပေးလိုက်တာ ဖြစ်ပါတယ်။ တကယ်လို့ .txt ဖိုင်ထဲ ဖွက်ချင်ရင်တော့ txt ကို ရှေ့ဆုံးက ထားပေါ့။ jpg ကို ရှေ့ကထားပြီး txt နဲ့ ပြန်ထုတ်မယ်ဆိုရင်တော့ မရဘူး မဟုတ်ဘူး ရပါတယ်။ ပုံတော့ ပေါ်လာတော့မှာ မဟုတ်ပါဘူး။ ဓါတ်ပုံတစ်ပုံကို notepad အလွတ်ထဲ ဆွဲထည့်လိုက်သလို code တွေပဲ ပေါ်တော့မှာ ဖြစ်ပါတယ်။
အဆင်ပြေကြပါစေဗျာ .....