Second King Of The Knowledge War

ဝင်ရောက်သူအပေါင်း စိတ်ချမ်းသာပါစေ

လှိုင်သာယာသားWebsite မှကြိုဆိုပါ၏

Monday, August 24, 2009

Delete File No Recycle

ဖျက်သမျှ အရာအားလုံး recycle bin ထဲမ၀င်အောင်
ကိုသံလုံငယ်ဆီမှ ပြန်လည်ဝေမျှသည်။
ကျနော် တို့ တော်တော်များများပေါ့ ... delete မနှိပ်ကြပဲ .. Shift + Delete ပဲ သုံးကြတယ် ။ Recycle bin မှာ သွားဖြတ်နေစရာ မလိုအောင်တဲ့..။ အကျင့်တောင် ပါနေကြပြီ။ ဒါဆို shift+del မနှိပ်ရပဲ .. အမြဲတမ်း ဖြတ်လိုက်သမျှ recycle bin ထဲ မရောက်အောင် လုပ်ထားရင် ပို အဆင်ပြေ ပါလိမ့်မယ်။ ထုံးစံ အတိုင်း registry နဲ့ပဲပေါ့။
Run - regedit နဲ့ registry editor ကို ခေါ်လိုက်ပါ။ ပြီးရင် အောက်ပါ DTree အတိုင်း သွားပေးပါ။
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Policies\Explorer
Explorer ကို နှိပ်လိုက်။ ညာဘက်က ပေါ်လာတဲ့ အကွက်ရဲ့ နေရာလွတ်မှာ R-Click - New - DWORD Value ကို နှိပ်ပြီး name ကို NoRecycleFiles လို့ပေးလိုက်ပါ။ ပြီးရင် အဲဒီ item လေးကို D-Click ပေးပြီး တန်ဖိုး ကို 1 လို့ ပေးလိုက်ပါ။ အဲဒါဆိုရင် ဖြတ်လိုက်သမျှ recycle bin ထဲ မရောက်တော့ပါဘူး။ (အဲဒီတန်ဖိုး ပြောင်းပြီး တာနဲ့ ချက်ချင်း စမ်းလို့ ရပါတယ်၊ reinitialize လုပ်စရာမလိုပါ)
NoRecycleFiles ဆိုတာကို click ပေး delete key နှိပ်ပြီး ဖြတ်ရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်ပါတယ်။