Second King Of The Knowledge War

ဝင်ရောက်သူအပေါင်း စိတ်ချမ်းသာပါစေ

လှိုင်သာယာသားWebsite မှကြိုဆိုပါ၏

Sunday, June 21, 2009

Internet ကို အစဆွဲထုတ်လိုက်မယ်

အင်တာနက်ရဲ့အစလေး ပြောချင်တယ်ဗျာ
internet ဟာအောက်မှာရေးထားသလို အဆင့်ဆင့်ပြောင်းလဲလာတာဗျ......
၁၉၆၀ ပြည့်နှစ်နောက်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုက ကာကွယ်ရေးဌာန network တစ်ခု တည်းထောင် ခဲ့တယ်။ စစ်ဘက်ဆိုင်ရာ ကွန်ပျူတာအချင်းချင်း အတူတကွ ဆက်သွယ်ဆောင်ရွက်ရအောင်ပေါ့..... အဲ့ဒီ network ကို ARPANET လို့ခေါ်ပြီး တကယ်လို့ network အစိတ်အပိုင်းတစ်ခု ပျက်စိးခဲ့ရင် အခြား Network ပေါ်က ကွန်ပျူတာတွေကနေ သူတို့ အချင်းချင်း ဆက်သွယ် ဆောင်ရွက်နိုင်စေမယ့် နည်းလမ်းကို အသုံးပြုခဲ့ပါတယ်။ အဲ….ဒုတိယ အဆင့် အနေနဲ့  ကတော့ National Science Foundation(အမျိုးသား သိပ္ပံဖောင်ဒေးရှင်း)ကနေ NSFNET ဆိုတာကို ၁၉၈၀ နှစ်လယ် လောက်မှာ စတင်ခဲ့ပါတယ်။NSFNET ဟာ ARPANET ရဲ့ နည်းပညာတွေ ကိုတိုးချဲ့ တီထွင်ပြီး တက္ကသိုလ်၊ကောလိပ် တွေအချင်းချင်း ဆက်သွယ်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၈၇ မှာ NSFNET ဟာ သတင်း အချက်အလက်တွေ ကိုဆက်သွယ် ဆောင်ရွက်ရာမှာ ပမာဏ ပိုမိုများလာတဲ့  အချက်အလက်တွေကို ကိုင်တွယ်ဖြေရှင်း နိုင်ခြင်းမရှိတော့တဲ့ အတွက် NSF ကနေ သတင်း အချက်အလက်တွေ ပိုပြီး သယ်ပို့ ပေးနိုင်တဲ့ နည်းပညာတွေကို တိုးတက်တီထွင် ခဲ့ပြန်ပါတယ်။အဲဒီမြန်နှုန်းမြင့်  ဆက်သွယ်ပေး နိုင်တဲ့ Network ကြီးဟာ Internet ဆိုပြီး ဖြစ်လာခဲ့ပါတယ်။ ၁၉၈၀ ပြည့်နှစ် ၀န်းကျင်မှာ သိပ္ပံပညာရှင် တွေနဲ့ သုတေသီတွေ ဟာ Internet နဲ့ ဆက်သွယ်မိခဲ့ ကြပြီး ၁၉၉၀ ပြည့်နှစ်လယ် ကာလမှာတော့ ကုမ္ပဏီတွေ ကနေ စတင်ပြီး အိမ်သုံးကွန်ပျူတာတွေ နဲ့  ချိတ်ဆက် နိုင်ဖို့ ကြိုးစား ခဲ့ ရာကနေ Modem နဲ့  ကွန်ပျူတာ ရှိသူတိုင်း Internet နဲ့  ဆက်သွယ် အသုံးပြုနိုင် ခဲ့ပါတယ်…. World Wide Web ဆိုတာ ကိုတော့  ၁၉၉၀ နှစ်လယ်ပိုင်း မှာ European Laboratory ကနေ ရူပဗေဒ ဆိုင်ရာ လက်တွေ့ လုပ်ဆောင် မှုတွေအတွက် ရည်ရွယ်လုပ်ဆောင် ခဲ့ တာ ဖြစ်ပါတယ်။သူရဲ့  အဓိက ရည်ရွယ်ချက် ကတော့ သုတေသီတွေ အချင်းချင်း သုတေသန လုပ်ငန်းတွေ အတူတကွ ဆောင်ရွက် လုပ်ဆောင်နိုင် စေဖို့ နဲ့  အချက်အလက် နည်းပညာတွေ ဖလှယ်ရာမှာ လွယ်ကူစေဖို့  ပဲဖြစ်ပါတယ်။ ပထမဦးဆုံး လူအများ သုံးနိုင်တဲ့  World Wide Web ကို ၁၉၉၃ မှာ တင်ဆက်ခဲ့ ပါတယ်…. ယနေ့ ခေတ်မှာတော့  အချိန်နဲ့  အမျှ ရွေ့ လျားနေတဲ့  အင်တာနက်ခေတ် လို့  ပြောနေ ကြရတဲ့  အဆင့် အထိ Internet ဟာ လူသိများ ရေပန်းစား လာပြီ ဖြစ်ပါတယ်…. ဒါလေး ကတော့ Internet ဆိုပြီး အဆင့်ဆင့် ဖြစ်ပေါ်လာပုံ လေးပါ။ သိပြီးတဲ့  လူတွေ ရှိပေမဲ့  မသိသေး တဲ့ လူတွေ အတွက် ဗဟုသုတ လေး တစ်ခုပေါ့ကျွန်တော် လည်း ဆရာ ဖိုးနိုင်ဝင်းရေး တဲ့  စာအုပ်လေး တစ် ခု ကနေ ဖတ်ဖူးခဲ့ လို့  အများ သိနိုင်စေဖို့  ဝေငှပေး လိုက်တာ ပါ။